Saturday, June 28, 2008

ဝေးမြေမှ နေ့ရက်များ

ဟော ဒီလိုနဲ့ သောကြာညနေရောက်လာပြန်ပြီ။ စဉ်းစားရပြီ မနက်ဖြန် စနေ နောက် တနင်္ဂနွေ ဘာတွေလုပ်စရာ ရှိလည်း အခန်းကိုအရင်ရှင်းရမလား။ အဝတ်တွေလည်း လျှော်ရဦးမယ်။ မြန်မာက သူငယ်ချင်းတွေများ အွန်လိုင်း တက်လာလေမလား အသိမိတ်ဆွေများ အွန်လိုင်းတက်လာမလား။ ဈေးဝယ်လည်းသွားဦးမှ။ ဖုန်းလေး ဘာလေး ဆက်ပြီး သူငယ်ချင်းတွေအဖော်ညှိ အပြင်ထွက်ရဦးမယ်။ မေးလ်စစ်ရဦးမယ်။ ဖော်ဝဒ်မက်ဆေ့ခ်ျလေးတွေ တစ်ချို့ကျ ဖတ်ပြီး ရယ်ရတယ်။ ဗဟုသုတရတာလည်း ရတယ်။ စိတ်ညစ်စရာကောင်း စိတ်ပျက်စရာကောင်းတဲ့ ဖော်ဝဒ်မက်ဆေ့ခ်ျ တွေကလည်း တစ်ပုံတစ်ပင်။ အေးဆေးနေပါမှ နိုင်ငံရေးလိုလို ဘာလိုလိုတွေလည်း ပို့လို့ပို့ ပြောရရင်တော့ အဲလိုတွေပို့နေမယ့်အစား လူလုံးပြပြီး စွမ်းစွမ်းတမံ ထွက်လုပ်သင့်တာပေါ့။ ဟုတ်ဘူးလား။ လုပ်မယ့်လုပ် ထိထိရောက်ထိရောက် ဆောင်ရွက်ကြပါလား။ စာတစ်တန် ပေတစ်တန်တွေ ပြောင်မြောက် လိုက်ကြတာများ ပြောတဲ့အတိုင်းဖြစ်လာလို့ကတော့ ရှေ့အနာဂတ်ကြီးက ပျော်စရာအတိထင်တာပဲနော်။ အခုလို အားလပ်ရပ်အကြိုနေ့ည လုပ်ဖြစ်တာကတော့ ဘလော့တော်တော်များများ ဖတ်တာလည်းဖတ်။ သတင်း ဝဘ်ဆိုဒ်တွေလည်း လိုက်ဖတ်။ မြန်မာသီချင်းတွေ ဒေါင်းလုပ်ချ။ မျက်မှန်လေးကြာရင်တော့ ပိုပိုထူလာမလား မသိဘူး။ အခုတလော အလုပ်အရမ်းများနေတာနဲ့ ဘလော့ထဲကိုမဝင်ဖြစ်ဘူး။ တော်သေးတယ် နောက်ထပ် ၂ ယောက်ကို ဖိတ်ခေါ်ထားလိုက်လို့ ဒီထဲမှာရေးပေးပါဆိုပြီး မမယဉ်မင်းကတော့ အရေးအသားလည်းကောင်း စိတ်ကူးလည်းကောင်းတယ်။ အိုင်ကတော့ တကယ်ကိုမအားတာပါ။ လာပါလိမ့်မယ် နောက် မြန်မာတစ်ယောက် စင်္ကာပူကတစ်ယောက် သူတို့ထိတွေ့နေတဲ့ ဝန်းကျင် သူတို့ စကားလုံးလေးတွေ ပွင့်ထွက်ခြွေချဖို့ ပြင်ဆင် နေကြပါတယ်။

By Admin

No comments: