Monday, June 9, 2008

ခရေပန်း

*******
**************
အညိုမှာ အဖြူသက်
***တလှပ်လှပ်နဲ့***
ပွင့်ဖတ်လေးတွေစီ
**ပင်ယံထက်ဝင့်**
***အမြင့်မှာစံ***
သဏ္ဍန်ကသေးသေး
မွှေးပျံ့ပျံ့ရနံ့သင်း
အဆင်းလှမခန့်ညား
မြေခလို့ကြွေသွားတာတောင်
ဘုရားပန်းကပ်
လှကညာဆံနွယ်ထက်မှာ
သူငါလုယက်ပန်ဆင်
***ဘဝင်ငယ်မရှိ***
ဘယ်သူသိနိုင်ပါ့မလဲ
****သြော်..***
နေဝင်ချိန်ရောက်
ငြှိုးငယ်ခြောက်တော့
**စွန့်ပစ်ခြွေချ**
အနေမလှတော့လည်း
ခရေပန်းကတော့
သင်းပျံ့နေဆဲပါကွယ်...
**********
**********
**********

1 comment:

ပန်းခရေ said...

ခရေပန်းကဗျာလေးက
တစ်ကယ်ကို အဓိပ္ပာယ်ရှိလိုက်တာ..
ခရေပန်းသိပ်ကြိုက်တဲ့ကျနော် ပန်းခရေအဖြစ်ခံယူရင်း...
ခရေပန်းလို သွေ့ခြောက်သော်လည်း မွှေးပျံ့နေ...ချင်ပါတယ်..။
စာအရေးအသားကြိုက်တယ်..
အားပေးမယ်နော် ပျော်ရွှင်ပါစေ