Saturday, November 8, 2008

ဝေေ၀ကြွေကြွေ မြတ်နိုးတယ်......

ပန်းတစ်ပွင့်....
ပင်မြင့်ယံထက် ဖူးပွင့်ဝေဆာ
လှပလျက် တင့်တယ် တယ်...
ပန်းအလှပန်းဘဝ
ဝေချိန်မှာ ဝေ လှပနေလည်း
တစ်ချိန်ချိန်မှာ ကြွေကျမယ်
အနိစ္စဆိုတဲ့ သဘာဝရယ်ကြောင့်...
ထိုပန်းတစ်ပွင့်........
ကြွေသွားတဲ့ အခါ
လှပတဲ့ သူ့ အသွင်
တင့်တယ်တဲ့ သူ့ လက္ခဏာ
ကြွေချိန်နဲ့ အတူ ဝေးလွင့်
သူ့ မှ အလှ ပျောက်ရတယ်.....
ဝေချိန် ကြွေချိန်
လောက နိယာမပေမို့ 
ရှောင်လွှဲမရတဲ့ ဓမ္မတာ
အမြဲတမ်းကြုံမှာ ထာဝရပေမဲ့
တို့ အတွက်တော့
ဝေေ၀ကြွေကြွေ မြတ်နိုးဆဲပါ
ပန်းလေးရယ်.....

လမင်းငယ်

1 comment:

Anonymous said...

သဘာဝတရားနဲ့ ခိုင်ကျည်တဲ့ မေတ္တာကို ပေါ်လွင်တယ်ဗျို့
ကဗျာကောင်းလေးပါပဲဗျာ