Wednesday, December 17, 2008

နိုင်ငံ့သားကောင်း

နေ့ စဉ်ရက်ဆက် ဆင်းရဲပင်ပန်းလည်း
တိုင်းကျိုးပြည်ပြု ကောင်းဖို့ ရန်မို့ 
ဒုက္ခကိုလည်း သူတို့ မမှု
နုနုနယ်နယ် သူတို့ အရွယ်
နေလောင်ဒဏ်ခံ ကြိုးပမ်းရှာသည်
ပြည့်ရန်ကာကွယ် ထမ်းဆောင်ဖို့ ရန်.....။
ကျောင်းဆင်းပြီးသကာလ
ရှေ့ တန်းမြေပြင် သောင်းကျန်းသူတွေဆီ
စိတ်ဓါတ်မာန်အား မြင့်မားစွာဖြင့်
အသက်ကိုမမှု ဘေးရန်ဟူသမျှ
တစ်စမကျန် ဖြတ်ကာရှင်းမည့်
နိုင်ငံ့အနာဂတ် ခေါင်းဆောင်သစ်တွေ....။
တစ်နှစ်တစ်နှစ် ကျော်ကာဖြတ်လည်း
ပညာဆက်သင် နိုင်ငံ့ဝန်
ထမ်းဆောင်ကြမည့် သားကောင်းတွေ
မလွဲမသွေ ဖြစ်ဦးမည်....
သူတို့ သူတို့  ဇွဲမာန်သည်
တွဲလက်ကိုယှက် ရှေ့ လှမ်းဆက်
နိုင်ငံ့ရန်ကို ရှင်းကြမယ်...

(ဒီဇင်ဘာ (၁၂)ရက်နေ့  တွင် သင်တန်းဆင်းသော အပတ်စဉ် ၅၁ မှ ဒုဗိုလ်များနှင့် ဒီဇင်ဘာ (၁၇)ရက်နေ့ တွင် ဗိုလ်ကြီးများဖြစ်သော အပတ်စဉ် ၄၇ မှ စစ်သည်များအတွက် )
လမင်းငယ်

2 comments:

Unknown said...

အမှတ်တရရှိပေးတဲ့အတွက် တကယ်ကိုဝမ်းသာပါတယ် ညီမရယ်...။ အားလုံးရဲ့ကိုယ်စားကျေးဇူးလဲ တင်ပါတယ်။ ညီမတင်လိုက်တဲ့ကဗျာတစ်ပုဒ်ဟာ ရိုးရိုးလေးကြည့်ရင် မထူးဆန်းပေမယ့်..။ အခုလို အကြောင်းကြောင်းတွေ ထောက်နေရတဲ့ အချိန်မျိုးမှာ အစ်ကိုတို့အတွက် ပြည်သူကတိုက်တဲ့ အသက်ရှည်ဆေးတစ်မျိုးပါပဲ....။

အညာသား said...

အီးမေးလ်တွေ အခုမှပြန်ကြည့်ဖြစ်လို့ အကိုလာတာ နောက်ကျသွားပြီ ညီမရေ..။
ညီမရဲ့ကဗျာတစ်ပုဒ်က အကိုတို့အတွက် အားဆေးတစ်ခွက်ပါပဲ..။ အကိုကလဲ ကျေးဇူးတင်ကြောင်း ထပ်ပြောပါရစေနော်...။ :)