ထုံသင်းတဲ့ ညမွှေးပန်းနဲ့ အတူ
အေးမြတဲ့ လေပြည်တွေကို
ပိုင်ဆိုင်ထားတဲ့ ညတွေရှိသလို
တိမ်စိုးမိုးတဲ့ အမည်းရင့်ရောင် ကောင်းကင်
တစ္ဆေအရိပ်နဲ့  ညတွေလည်း
မရေတွက်နိုင်အောင်ပေါ့…….။
မင်းခုတ်မောင်းခဲ့တဲ့ ငါ့အတွေးရထား
ဘယ်အချိန်မှာ ရပ်တန့် ခွင့်ရမလဲဆိုတာ
မင်းရောငါရော မသိနိုင်ပေမဲ့
နာရီလက်တံတွေကတော့ အဆက်မပြတ်
တစ်ချက်မလပ် ပြေးလွှားနေရဲ့ ……..။
ညရယ်….
တိတ်ဆိတ်တဲ့ ငါ့အတွေးကို
ပွက်လောရိုက်အောင် မောင်းထုနိုင်သလို
လှုပ်ခတ်ခြင်းကင်းမဲ့သွားတဲ့
ငါ့ရင်ခုန်သံတွေကို
ပြန်တုန်ခါစေမယ်ဆိုရင်…………….။
လမင်းငယ်