Monday, June 9, 2008

ဝါးလုံးရှည်ဖြင့်သိမ်းရမ်းခြင်းများ

လူတွေမတရားဘူး ဝါးလုံးရှည်နဲ့သိမ်းသိမ်းရမ်းကြတယ်။ စင်္ကာပူက ကောင်မလေးးတွေ ပီအာကောင်လေးတွေနဲ့ ခင်ရမင်ရ ဆိုင်မှာအတူတူထိုင်ပြီး အဲဒီ ပီအာ ကောင်လေးက အခွင့်အရေးပေးတာကို ကြေနပ်ပြီး သူက အဖော် မိန်းကလေးတွေထက် ပို မြောက်နေတတ်သတဲ့။ ယောက်ျားလေးအဆောင်ကိုသွားလယ်တတ်ကြသတဲ့။ စနေ တနင်္ဂနွေ ရည်းစားနဲ့ လွတ်လပ်စွာ ဘယ်သူ့မှဂရုစိုက်စရာမလို သွားချင်ရာကို လွတ်လွတ်လပ်လပ်လျှောက်ပြီး သွားရောက်လည်ပတ်ကြသတဲ့။ မြန်မာကအဖေအမေတွေကတော့ ငါ့သမီးလေး တော်လိုက်တာ နိုင်ငံခြားမှာ စီးပွားရှာ။ ပညာတွေရှာသတဲ့။ စင်္ကာပူဆိုတာနဲ့ အဲဒီအကြောင်းတွေနဲ့ ပေါင်းမြင်ပစ်လိုက်ကြတာပဲ။ မလေးရှားက မြန်မာယောက်ျားလေးတွေ အွန်လိုင်းမှာဖြစ်ဖြစ်၊ ဖုန်းပြောတာဖြစ်ဖြစ် ၊ မလေးမှာပဲတွေ့လို့ဖြစ်ဖြစ် စကား ပြောတာဆိုတာ ရိုင်းသတဲ့ မလေး ကပါ ဆိုလိုက်တာနဲ့ မလေးကပြန်လာတဆိုလိုက်တာနဲ့ ရိုင်းတယ်လို့ သိသိ မသိသိထင်ပစ်လိုက်တော့တာပဲ။ အဲဒါကောင်းလားပြောပါဦး။ ဆံပင်ရှည်ရှည်ကောင်လေးတွေ ဆေးကြောင်ပြီး တစ်နေရာမှာ တစ်ခါလား ရိုက်မှုပုတ်မှုဖြစ်လိုက်ပါတယ် နောက်ဆို ဆံပင်ရှည်ထားတဲ့ကောင်လေးတိုင်းကို မိုက်ရူးရဲဆံတယ် ဂါဝရတရားမရှိဘူးဆိုပြီး ပေါင်းချပစ်လိုက်တော့တာပဲ။ ဟောအခုလည်း စိမ်းစိမ်းမြင် စစ်သား တစ်ယောက်မှမကောင်းဘူးဆိုပြီး အကုန်မုန်းနေကြတော့တာပဲ။ အမေတစ်ခုသားတစ်ခုကောင်လေး သူ့ ဝါသနာအရ အမေလုပ်သူအနားကခွာ ၁၀ တန်းအမှတ်ကောင်းကောင်းနဲ့အောင်တာအောင် ပြင်ဦးလွင်ကိုထွက် စစ်ကျောင်းကြီးကိုတက်သတဲ့။ အခုတော့ အဲဒီကောင်လေးအခုစစ်ဗိုလ်ဖြစ်သွားတော့ သူလည်း မကောင်းဘူး လုပ်တော့တာပဲ။ အဲလိုတွေကြည့် အသိုင်းဝန်းတစ်ခုထဲက အနည်းစုဖြစ်ပျက်နေတာကိုကြည့်ပြီး တယူသန် တစ်ဖက်သက် ဆွဲယူသတ်မှတ်ပစ်လိုက်ကြတာ လူတွေ လူတွေ တရားသလားပြော..............................

1 comment:

Myanmar said...

လူတယောက်မှာ ကိုယ်ပိုင် ဆုံးဖြတ်နိုင်တဲ့ အစွမ်းအစ ရှိမှ လူလို့ သတ်မှတ်နိုင် မှာ လေ ကိုယ့်ကို ရှေ့ ဆောင်လမ်းပြတဲ့လူ က ကောင်းတဲ့နေရာ မှာ ကျွမ်းကျင်နိုင်နင်းပြီး လမ်းပြကောင်းတဲ့လူလား.....အများလက်ခံနိုင်စွမ်း မရှိတဲ့လမ်းကိုလျောက်မဲ့လူလားဆိုတာ နောက်မလိုက်ခင် စဉ်းစားသင့်တယ် ခွေးလိုဟာတောင် အမဲသားပြပြီး ချောက်ထဲကို ခေါ်ရင်တောင် ချောက်ရှိနေတာကို သိရင် မလိုက်ဘူး...ဒါကို မစဉ်းစားပဲ လျောက်ပြောနေတာ ကိုယ့်အဆင့်ကိုယ်သိပေါ့နော်..